သတင်းများ

ကာလိမြို့၌ လျှပ်စစ်အန္တရာယ်ဆိုင်ရာအသိပညာပေး (Talk Show) ဆောင်ရွက်
Jan 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့ ပူးပေါင်းပြီး လျှပ်စစ်အန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၉)နာရီအချိန် ကလူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show) ဆောင်ရွက်
Jan 12,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် မွန်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဆုတံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား တက်ရောက်
Jan 12,2023
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် မွန်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) တတိယအကြိမ်ထိုးနှံ
Jan 12,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း စုစုပေါင်း(၁၁၂)ကျောင်းတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက် (၉)နာရီက စတင်၍ (Booster Dose) တတိယအကြိမ်ဖြင့် အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာတွင် ဧရာမင်းစပါး စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါး အခြောက် (၈၂.၂၅)တင်း ထွက်ရှိ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံရေး တိုက်နယ်(၁၂)ခု၊ ကွင်းပေါင်း(၂၂၂)ကွင်း၌ စပါးသီးနှံ (၅၂၄၆၁) ဧက စိုက်ပျိုးထားပြီး ယနေ့နံနက်(၉)နာရီက သင်တောင်းကျေးရွာ၊ ကွင်းအမှတ် (၁၄၅)၊ ဦးပိုင်အမှတ်(၃၂) တောင်သူဦးမြိုင်၏ ဧရာမင်း မိုးစပါး စိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကစပါး အခြောက် (၈၂.၂၅)တင်း ထွက်ရှိကြောင်း မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။  
တိုင်ထောင် ပဲထောင့်ရှည်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိူးသူများအဆင်​ပြေ
Jan 12,2023
မွန်ပြည်နယ်၊ ကျိုက်မရော မြို့အဝင် ထန်းပင်းတန်းအနီးရှိ လယ်​မြေများတွင် ဆောင်းရာသီ သီးထပ်အဖြစ် စိုက်ပျိုးထားသည့် တိုင်ထောင် ပဲထောင့်ရှည် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဘိန်းဗျောကျေးရွာမှ တိုင်ထောင်ပဲ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူ ဦးမောင်ဦးထံမှ သိရသည်။
မအီမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း( Booster dose)ထိုးနှံ
Jan 12,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာ သင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ  ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ကျော်ကိုင်းကျေးရွာအုပ်စုနှင့် ကျောက်ဝေကျေးရွာအုပ်စု အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 12,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းနှိုးဆော်ခဲ့ကြောင်း သိရသည်။