သတင်းများ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား တက်ရောက်
Jan 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) ပညာ့ရောင်ခြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပြုလုပ်ခဲ့သည်။
နည်းပညာတက္ကသိုလ်(တောင်ငူ)၌ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပသည်။
မဘိမ်းမြို့၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
ပခုက္ကူမြို့နယ်တွင် ပန်းမျိုးစုံစိုက်ပျိုးသည့် တောင်သူများမိသားစုအပိုဝင်ငွေရရှိ
Jan 12,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းသီးနှံများနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးကြသည့်အပြင် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအဖြစ် ပန်းမျိုးစုံစိုက်ပျိုးသည့် တောင်သူများလည်း မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့ ခရမ်းချဉ်သီးဈေးကွက်အနည်းငယ်မြင်တက်လာ
Jan 12,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများ စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီး ဈေးကွက်အနည်းငယ် မြင်တက်လာကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။
ကံမမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေး
Jan 12,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် မှုဖြင့်အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများကပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
မိုးနဲမြို့နယ် နမ့်မော်လေကျေးရွာ၌ ဝါးခမောက်ပြုလုပ်ရောင်းချသူ မိသားစုအပိုဝင်ငွေရရှိ
Jan 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကွန်နားကျေးရွာအုပ်စု နမ့်မော်လေကျေးရွာနေ ပြည်သူများအနေဖြင့် ဝါးခမောက်မျိုးစုံ ပြုလုပ်ရောင်းချရာမှ မိသားစုအပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းများ ဆောင်ရွက်
Jan 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး မြို့အဆင့် (Working Group) အဖွဲ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကာ ယနေ့အထိ မြို့ပေါ်(၅)ရပ်ကွက် အသီးသီးတွင် ကွင်းဆင်းကောက်ယူ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။