မြေပြင်ကွင်းဆင်းလူဦးရေစာရင်းကောက်ယူရာနေရာများသို့ လူမှုရေးဝန်ကြီးဦးယဉ်ထွေး လာရောက်ကြည့်ရှုစစ်ဆေး

အမရပူရ ဇန်နဝါရီ ၁၂

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ပြဿဒ်ကြီးရပ်၊ ခတ္တန်းရပ်တို့တွင် မြေပြင်ကွင်းဆင်းလူဦးရေစာရင်းကောက်ယူရေးစီမံချက် (၉.၁.၂၀၂၃ မှ ၃၁.၁.၂၀၂၃)ရက်အထိ ကောက်ယူလျက်ရှိနေရာသို့ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးယဉ်ထွေးမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနဦးစီးမှူး ဦးဇော်နိုင်မင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးတင်ကိုကိုဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးကိုကိုဇော် တို့လိုက်ပါပြီး မြေပြင်လူဦးရေးစာရင်းကောက်ယူနေမူအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လူမှုရေးဝန်ကြီးဦးယဉ်ထွေးက ပြည်သူများနှင့် အဆင်ပြေချောမွေ့စွာလုပ်ငန်းများအောင်မြင်စွာလုပ်ဆောင်နိုင်ရေးနှင့် အိမ်ထောင်စု၊ နိုင်ငံသားစီစစ်ရေးကဒ်များ၊ လူဦးရေစာရင်းများ မထပ်၊ မကျန်၊ အမှန် ဆောင်ပုဒ်နှင့်အညီ စနစ်ကျမှန်ကန်စွာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ