လိပ်သို ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပုံမှန်ကာကွယ်ဆေးထိုးနှံပြီး (၅) လနှင့်အထက်ရှိသည့် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူလေးများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Does) ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ဆေးထိုးစုရပ်ဖြစ်သည့် လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသည့် ဆေးထိုးစုရပ်သို့ မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)