SUB SOILER ကိရိယာဖြင့် တောင်သူပညာ​ပေးသရုပ်ပြပွဲ ကျင်းပ

အမရပူရ ဇန်နဝါရီ ၁၂

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာရှိ လယ်ယာသုံး စက်ကိရိယာများ အသုံးပြု၍ ထွန်ယက်စိုက်ပျိုး​ရေးလုပ်ငန်များ ဆောင်ရွက်နေသည့် တောင်သူများအား ပုံမှန် အသုံးပြုနေကျဖြစ်သည့် လယ်ယာသုံး စက်ကိရိယာများအပြင် ​ခေတ်နှင့်အညီ ထွက်ပေါ်လာသည့် နည်းပညာအသစ် လယ်ယာသုံး စက်ကိရိယာများအား ရင်းနှီးကျွမ်းဝင် လာစေရန် ရည်ရွယ် SUBSOILER ကိရိယာဖြင့် တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့နံနက်က ကွင်းအမှတ် (၅၇၀-)တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

SUB SOILER ကိရိယာ အသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ Soil Compaction ကျစ်လျစ်သိပ်သည်းမှု ဖြစ်ပေါ်နေသောမြေလွှာ  Hardpan များကို ထိုးခွဲနိုင်ခြင်းကြောင့် မြေဆီလွှာအတွင်းသို့ ရေ​ကောင်းစွာ စိမ့်ဝင်နိုင်ခြင်း Hardpan ကို ထိုးခွဲနိုင်ခြင်းကြောင့် နုံ ပေါက်မှု ပြဿနာကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်း မြေဆီလွှာအတွင်း အမြစ်များ အလွယ်တကူ ထိုးဖောက်ဝင်ရောက် ကြီးထွားနိုင်ခြင်း Hardpan အလွှာအောက်မှ အစိုဓါတ်အား ပေါ်ယံ မြေဆီလွှာမှ အလွယ်တကူ စုပ်ယူရရှိနိုင်ခြင်း ​​အောက်စီဂျင်နှင့် နိုက်ထရိုဂျင် လုံလောက်စွာ ရရှိခြင်းကြောင့် အပင်များ သန်ကြီးထွားမှုကို ပိုမိုကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများ ရရှိလာမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးဌာနမှူး အမှတ် (၆၃) စက်မှုလယ်ယာစခန်း အမရပူရမြို့ထံမှ သိရသည်။

စိုးသီဟ(အမရ)