နတ်မောက် ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Sinopharm) ထပ်ဆောင်းကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီအချိန်က အသက်(၅)နှစ်မှ (၁၂)နှစ်အထိ မူလတန်းကျောင်းသား/သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Sinopharm) ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောင်းသား/သူလေးများအား ဆရာ/မများက အမည်စာရင်းများရေးသွင်းပေးခြင်း၊ မြို့နယ်ကျန်းမာရေးဌာနရှိ ဆရာ/ဆရာမများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှဝင်း