ရွှေတောင် ဇန်နဝါရီ ၁၂
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက နွားမယံအုပ်စု၊ အမက ဖိုးသိန်းတန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်တင်ရေးအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲ၊ အသိပညာပေး ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးတို့အတွက် အသိပညာပေးအကြောင်းအရာများကို သာဓကအနေဖြင့် ဖြစ်ရပ်မှန်ဇာတ်လမ်းများကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများနှင့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ Ice Break ပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင် မင်းနိုင်ပါတယ် " စက္ကူပြဇာတ် ဖြင့် လည်းကောင်း၊ ရုပ်သံ (၃)ဒေါ်အေးအေးခိုင်မှ" ဝက်ကလေးနှင့်သူ၏သူငယ်ချင်းများ " ပုံပြင်စာအုပ်ဖြင့် ပုံပြင်များပြောပြခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်၊သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ် နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား၊ ကျောင်းသူ (၅၇)ဦးမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး နယ်လှည့်စာကြည့်တိုက် အနေဖြင့် ယူဆောင်လာသော စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်းနှင့် သိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)