ချမ်းမြသာစည် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက်တွင် မြေပြင်လူဦးရေစာရင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအားယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်လူမှုရေး၀န်ကြီးနှင့်တာ၀န်ရှိသူများက ကွင်ဆင်း၍လိုက်လံအားပေးကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအာ: မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့များမှ ရပ်ကွက်(၁၄)ရပ်ကွက်ရှိ ဦးတည်အိမ်ထောင်စုများအား တစ်အိမ် တက်ဆင်းစနစ်ဖြင့် ဇန်နဝါရီ ၉ မှစတင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်မြို့သစ်(၄)ရပ်ကွက်သို့ကွင်းဆင်းဆောင်ရွက်မှုများအား မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၀င်လူမှုရေး၀န်ကြီး ၊လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ညွှန်ကြားရေးမှူးဦးယဉ်ထွေး၊ မြို့နယ်ဦးစီးမှူးဦးရဲမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များကလိုက်လံကြည့်ရှုအားပေးခဲ့ရာကြီးကြပ်တာဝန်ပေးထားသောသက်ဆိုင်ရာတာဝန်ရှိသူများမှလိုက်လံရှင်းလင်းပြသခဲ့ပြီး လူမှုရေး၀န်ကြီးကလိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ချမ်းမြသာစည်မြို့နယ်အနေဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုများအား ဇန်နဝါရီလ၃၁ ရက်နေ့အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရသည်။
ခင်စိမ်၀င်း (မြို့နယ် ပြန်/ဆက်)