နမ့်ဆန် ဇန်နဝါရီ ၁၃
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များ အားလစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ရာ၌ အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးပါးရောင်၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ကာကွယ်ဆေးများကို သတ်မှတ်အသက် သတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်လည်းကောင်း၊ ကျေးရွာအုပ်စုရှိကျေးရွာများ၌ ဆေးထိုးစုရပ်သတ်မှတ်သည့် နေရာများသို့ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)