ပေါင်မြို့နယ် အမက ကဒါကမ်းနားမူလွန်ကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်

ပေါင်    ဇန်နဝါရီ    ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အမက ကဒါကမ်းနားမူလွန်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမက ကဒါကမ်းနားမူလွန်ကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် အမက ကဒါကမ်းနားမူလွန်ကျောင်းမှ ကျောင်းသား/သူများက စုံညီပွဲတော်တို့နွှဲပျော်တေးသီချင်းဖြင့် သီဆိုပြီးတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ကျောင်းအကျိုးတော်ဆောင်ဦးကျော်လင်းဦးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးဦးညွှန့်တင်တို့က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယမြို့နယ်ပညာရေးမှူးဦးညွန့်တင်နှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဧည့်သည်တော်များမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား/သူတို့က အကပဒေသာများဖြင့် ဖျော်ဖြေကပြခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)