ကျိုက်ထိုမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး

ကျိုက်ထို ဇန်နဝါရီ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအား တတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် စုရပ်နေရာဖြစ်သည့် အမှတ် (၁) အခြေခံပညာမူလတန်းလွန် (ကံ့ကော်) ကျောင်း၌ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျိုက်ထိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှဝန်းထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး အခြေခံပညာကျောင်း (၇) ကျောင်းရှိ KG မှ Grade – 5 အထိ ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း (၉၅၀) ဦးတို့အား ကိုဗစ် - ၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ တတိယအကြိမ်အဖြစ် Booster Dose ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)