ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ နေကြာစိုက်ခင်းအား ရေနှင့်အဟာရတိုက်ကျွေးခြင်း၊ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းအားကြည့်ရှုစစ်ဆေးခြင်း၊ ဘိုင်အိုစူပရင်းသဘာဝမြေဩဇာပေးအပ်ပွဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွ

ဝါးခယ်မ  ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာရှိ နေကြာစိုက်ခင်းအား ရေနှင့်အဟာရတိုက်ကျွေးခြင်းအားကြည့်ရှုစစ်ဆေးခြင်း၊ အူကျွန်းကျေးရွာ စိုက်ပျိုးရေးနည်းပညာပေးစခန်း၌ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းအားကြည့်ရှုစစ်ဆေးခြင်း၊ ဘိုင်အိုစူပရင်းသဘာဝမြေဩဇာပေးအပ်ပွဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝါးခယ်မမြို့နယ်၊ ရေလိန်အုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ နေကြာစိုက်ခင်း (ရေတွင်းကုန်းကွင်းအမှတ် ၁၀၁၄/ခ၊ ဦးပိုင်အမှတ် ၇/၁)သို့ရောက်ရှိလာပြီး ဦးဝင်းမောင်ပါတောင်သူ(၁၁)ဦး လုပ်ကိုင်ခွင့်ရရှိထားသော လယ်မြေ(၁၁)ဧကအတွင်းအား ရေနှင့်မြေဩဇာကျွေးခြင်းကို ကြည့်ရှုစစ်ဆေးခြင်း၊ အူကျွန်းကွင်းအမှတ် ၁၀၁၅၊ ဦးပိုင်အမှတ်(၅၁/၆) တောင်သူ ဦးဘမြင့်လုပ်ကိုင်ခွင့်ရရှိထားသော လယ်ယာမြေ(၆)အတွင်း နွေစပါး(ဆင်းသုခ)ပျိုးခင်းအား ဆိုလာစနစ်ဖြင့်ရေတင်ဆောင်ရွက်နေမှုတို့အားကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစွမ်းထက်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သိန်းထွန်းနှင့်တာဝန်ရှိသူများ၊ ဒေသခံတောင်သူများတက်ရောက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးကျော်သိန်းထွန်းတို့က မြို့နယ်အတွင်းနွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ ရွှေခယ်သီရိခန်းမသို့ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစွမ်းထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)