ကလေးဝ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် online မှ သစ်ဆွေးမြေအကြောင်းသိကောင်းစရာအသိပညာပေး (Talk Show)ကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ၊ ဦးဇော်ဝင်းထွန်းက သစ်ဆွေးမြေအကြောင်း သိကောင်းစရာများအား မေးမြန်းဆွေးနွေးရာ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ၊ ဦးရာဇာဝင်းက သစ်ဆွေးမြေများကို မြေဆီလွှာအတန်းအစားခွဲခြားသတ်မှတ်ချက်များ၊ သစ်ဆွေးမြေများ၏ထူးခြားချက်နှင့်ကောင်းကျိုးဆိုးကျိုးများ၊ သစ်ဆွေးမြေနှင့် ရာသီဥတုပြောင်းလဲမှု ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းမှု၏အရေးပါပုံများ၊ အရှေ့တောင်အာရှ သစ်ဆွေးမြေစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ သစ်ဆွေးမြေဧရိယာများကို အတိအကျဖော်ထုတ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်မှုများစသည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)