လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်အတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ‌ လျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်

လင်းခေး ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ် မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျှော့ချနိုင်ရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေ‌ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံက် ၈ နာရီ အချိန်က ဝမ်ဟတ်တိုက်နယ် မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးညီအုပ်စိုး ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ နမ့်ဆိုင်းကျေးရွာ၊ တိညု‌ကျေးရွာ၊ လွိုင်‌ဆေကျေးရွာများတွင် တပ်ဆင်အသုံးပြုလျက်ရှိသောမီတာများ ရပ်နေခြင်း၊ နှေးနေခြင်း၊ ပျက်နေခြင်းများ ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်မှုကို လစဉ်သတ်မှတ်ရက်များအတိုင်း ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်ဟတ်‌‌တိုက်နယ် မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ဝိုးတောင်း (ပြန်/ ဆက်)