မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆက်လက်ဆောင်ရွက်

အထက်မင်းလှ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နေ့က စတင်ကောက်ယူခြင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့နံနက်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဆက်လက်ကောက်ယူလျက်ရှိသည်။

မင်းလှမြို့နယ်တွင်ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၃)စုရှိပြီး၊ ကောက်ကွက်ပေါင်း (၁၀၆)ကွက်တွင် (Working Group) မြေပြင်တစ်အိမ်တက်ဆင်းစာရင်းကောက်ယူရေးကို အဖွဲ့ပေါင်း(၁၀၆)ဖွဲ့က ဇန်နဝါရီ(၉)ရက်မှ (၃၁)ရက်နေ့အထိ အပြီးသတ်ကောက်ယူသွားမည်ဖြစ်သည်။  မင်းလှမြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမည့် အိမ်ထောင်စုပေါင်း(၃၀၃၆၇)ရှိရာ ဇန်နဝါရီ ၁၃ ရက်နေ့အထိ ကောက်ယူပြီးသည့် အိမ်ထောင်စုပေါင်း  (၅၂၂၅၆) ကောက်ယူပြီးဖြစ်၍ ကျန်ရှိနေသည့် အိမ်ထောင်စုလူဦးရေစာရင်းများကို သက်ဆိုင်ရာနယ်မြေအလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက ဆက်လက်စာရင်းကောက်ယူလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးထံမှ သိရသည်။

အဆိုပါ (Working  Group) မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးဆောင်ရွက်ရာသို့ မြို့နယ်မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ (ရပ်ကွက်/ ကျေးရွာစာရင်းကောက်ယူရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                                                                            

ဇာဇာ(ပြန်/ ဆက်)