မင်းလှမြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်း တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူ

မင်းလှ ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို  (Working Group)အဖွဲ့ (၂၆)ဖွဲ့ဖြင့်၊ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၅)အုပ်စုမှ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့နှင့် တာဝန်ရှိ သူများက အနီးကပ်ကြီးကြပ်၍ စာရင်းများ ကောက်ယူရာတွင် မှားယွင်းမှုမရှိစေရေး၊ ကောက်ကွက်အလိုက် အပြည့်အဝကောက်ယူနိုင်ရေး၊  လူဦးရေမထပ်၊ မကျန်စေရေးတို့အတွက် လိုအပ်ချက်များကို ပူးပေါင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။

ပေါက်စ(မင်းလှ)