မိုင်းယန်း ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာ တန်းကျောင်း၌ ပညာရည်ချွန်စုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ မွန်လွဲ ၃ နာရီက အဆိုပါကျောင်းကွင်းပြင်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဦးသိန်းဝင်းက ပညာရေး ပြုပြင်ပြောင်းလဲလာမှုနှင့် ပတ်သတ်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ် ဆရာမကြီး ဒေါ်လွင်လွင်နိုင်မှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စွမ်းရည်၊ သင်္ချာစွမ်းရည် ပညာရည်ချွန်ဆု ရရှိသော ကျောင်းသား/ ကျောင်းသူများနှင့် ၂၀၂၂ ပညာသင်နှစ်တွင် ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား မိုင်းယန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား/ ကျောင်းသူများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် သီဆိုဖျော်ဖြေကပြကြကြောင်း သိရသည်။
ထွန်းထွန်းထူး