ညောင်ဦး ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း( Working Group) မြေပြင်ကွင်းဆင်းကောက်ယူခြင်းများကို ယနေ့တွင်လည်း သက်ဆိုင်ရာဌာန ဆိုင်ရာများက ရပ်ကွက်/ကျေးရွာများတွင်စာရင်းများကောက်ယူလျက်ရှိကြောင်းသိရသည်။
ထိုသို့မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များက စာရင်းကောက်ယူရာတွင် မှားယွင်းမှုမရှိစေရေး လိုက်လံကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်းကို ဇန်နဝါရီ ၉ ရက်မှစတင်ပြီး ရက်ပေါင်း ၂၀ ကြာ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာစာရေးများမှ ကောက်ယူလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း