ပင်လုံမြို့တွင် မြေပြင်လူဦးရေစာရင်း ကောက်ယူရေး ကွင်းဆင်းစစ်ဆေး

လွိုင်လင် ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူလျက်ရှိရာ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်း၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းထူးအောင်နှင့် ဝန်ထမ်းများက လိုက်ပါကြသည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြေပြင်လူဦးရေစာရင်းမှန်ကန်စေရေး၊ အိမ်ထောင်စုဇယား၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ အမည်များမှန်ကန်ပြီး စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)