ဇေယျာသီရိ ဇန်နဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လူငယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏အကြောင်းကို သိရှိနားလည်နိုင်စေရန်ရည် ရွယ်ချက်ဖြင့် ယခုလို ဟောပြောပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်အေးယုခိုင်က မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား/သူလေးများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ သာစည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/ သူ (၄၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)