တံတားဦး ဇန်နဝါရီ ၁၆
တံတားဦးခရိုင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်း ရတနာထွန်းခန်းမ၌ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ်ပညာရေးမှူး ဒေါ်စန်းဥက အမှာစကားပြောကြားပြီး တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က “ယနေ့ မိဘ၊ ဆရာနဲ့ ကျောင်းသား/သူများ စည်းလုံးညီညွတ်စွာဖြင့် ပညာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခြင်းသည် စုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်နှစ်တာကာလအတွ၍်း ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘက်စုံထူးချွန်သော ကျောင်းသား/သူများကို ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နေချိန်တွင် ပညာရေးပြုပြင် ပြောင်းလဲမှုများကိုရင်ဘောင်တန်းပြီး ခေတ်နှင့်အညီအမီလိုက်နိုင်ရန် မိဘ၊ ဆရာနှင့် ကျောင်းသား/သူတွေက မိမိတို့တာဝန်များကို ကျေပွန်စွာဆောင်ရွက်ပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်တွင် ဆုရရှိသော မြို့နယ်အဆင့်ပညာရည်ခွန်ဆုရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိသူများ၊ ဘာသာစုံတွင် ထူးချွန်ဆုရရှိသူများ၊ ကျောင်းတွင်းစွမ်းရည်ပြိုင်ဆုရရှိသူများ၊ အားကစားဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲလင်းသူ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုရကျောင်းသား/သူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ရဲတင့်