မင်းလှမြို့ ရတနာပုံဘုန်းတော်ကြီးသင်ပညာရေး‌ကျောင်းတွင် ဗုဒ္ဓဘာသာ၊ ပညာရည်ချွန်နှင့် အားကစားဆုပေးပွဲ အခမ်းအနားကျင်းပ

မင်းလှ ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာ၊ ရတနာပုံဘုန်းတော်ကြီးသင်ပညာရေး‌ကျောင်း ၌ ဗုဒ္ဓဘာသာ၊ ပညာရည်ချွန်နှင့် အားကစားဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁  နာရီချိန်က ကျင်းပပြုလုပ်သည်။ ရတနာပုံ ဘုန်းတော်ကြီးသင်ပညာရေး‌ကျောင်းဆုပေးပွဲကို ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ရတနာပုံကျောင်းတိုက် ဆရာတော်ဦးဝိမလကဩဝါဒ ဆုံးမစကားများမိန့်ကြားသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်နှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးလေးတို့က အမှာစကားပြောကြားသည်။

ဆက်လက်၍  ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတို့တွင်‌ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ YMBA စာမေးပွဲတွင် ဆုရရှိသူများ၊ ပညာရည်ချွန်ဆုရရှိများ၊ အားကစားဆုရရှိသူများကို ကျောင်းတိုက်ဆရာတော်၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုပေါင်း(၉၇)ဆုကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)