ဟားခါး ဇန်နဝါရီလ ၁၆
ချင်းပြည်နယ်၊ ဟားခါးမြို့၌ မြေပြင်လူဦးရေးစာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ချင်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ကြည့်ရှုစစ်ဆေးသည်။
ဟားခါးမြို့၌ မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလ ( ၉ ) ရက်နေ့မှ စတင်၍ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ဆင့်ပွားသင်တန်း တက်ရောက်ပြီးသူများက အဖွဲ့ (၁၇) ဖွဲ့ခွဲ၍ တက်အိမ်တက်တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ အဆိုပါစာရင်းကောက်ယူခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ်လူမှုရေးရာဝန်ကြီး၊ ခရိုင်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် ( ပြန် / ဆက် )