သတင်းများ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို အခြေခံပညာကျောင်းများတွင် လူငယ်လူရွယ်များ ပြည်သူလူထုအတွင်း ကြက်ခြေနီအခန်းကဏ္ဍ ပိုမိုရှင်သန်သွက်လက်လာစေရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ရာတွင် ကြက်ခြေနီအခန်းကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်နိုင်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အလေ့အထနှင့် ရှေးဦးပြုစုခြင်းကို ပြည်သူများနားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် အိမ်သုံးဆိုလာ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး
Jan 16,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်သော မြစိမ်းရောင် စီမံကိန်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 16,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေလယ် ၂ နာရီအချိန်က မင်းတံတားရပ်ကွက်၊ ရတနာသိဒ္ဓိပရဟိတဂေဟာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ အသိပညာ‌ပေးခြင်းများ ဆောင်ရွက်
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ရှစ်မျက်နှာဘုရားရှေ့တွင် အသိ‌ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှုလျင်မြန်စေရေး ဘဲလင်း - စွန်ရဲ - ရွှေလှံဗိုလ် - ရဲရွာလမ်းတွင် သံကူကွန်ကရစ်တံတား အသစ်(၁)စင်းဆောက်လုပ်ပေးလျက်ရှိ
Jan 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ကုန်စည်စီးဆင်းမှု လျင်မြန်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများဆောက်လုပ်ပေးခြင်း၊
တွံ​တေးမြို့နယ်တွင် မြေပြင်အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူနေမှုအား ခရိုင်၊ မြို့နယ်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းကြည့်ရှု
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများကို စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 16,2023
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  ကျင်းပကြောင်း သိရသည်။
အမ်းမြို့အဝင်ကုန်းတော်ရှိ သဗ္ဗဇယျမုနိဘုရားကြီးကုန်းပရဝုဏ်အတွင်း၌ ဌာနဆိုင်ရာများ စုပေါင်းကုသိုလ်ယူသန့်ရှင်းရေးဆောင်ရွက်
Jan 16,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၏ကျက်သရေဆောင် အမ်း - မအီလမ်းမြို့အဝင်(၁) မိုင်ကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသော သဗ္ဗဇယျမုနိထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး ကုန်းတော်ပရဝုဏ်အတွင်း၌ အများသူငှာစိတ်ချမ်းမြေ့စွာဖြင့် ဘုရားဖူးကုသိုလ်ယူအပန်းဖြေနိုင်စေရန် ယနေ့နံနက် (၇) နာရီအချိန်တွင် အမ်းမြို့ရှိ ဌာနဆိုင်ရာများ စုပေါင်းကုသိုလ်ယူသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။