သပိတ်ကျင်း ဇန်နဝါရီ ၁၆
ဒေသတွင်းပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေးအထောက်ကူပြုစေရန်ရည်ရွယ်၍ နယ်မြေခံတပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၇)နာရီ (၃၀)မိနစ်အချိန်က ဆန်၊ ဆီ၊ ကြက်သား၊ ကြက်ဥနှင့် စားသောက်ကုန်ပစ္စည်းများကို (သတ္တမ)အကြိမ်မြောက် သက်သာသောစျေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် ဆန်(၁)ပြည် ၁၆၀၀ ကျပ်၊ ဆီ(၁)ပိဿာ ၅၆၀၀ ကျပ်၊ ကြက်သား (၁)ပိသာ ၇၀၀၀ ကျပ်၊ ကြက်သွန်နီ(၁)ပိဿာ ၂၇၀၀ ကျပ်၊ အာလူး (၁)ပိဿာ၂၄၀၀ ကျပ်နှင့် နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှထွက်ရှိသည့် စားသောက်ကုန်များနှင့် တပ်မတော်စက်ရုံများမှထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ အားဖြည့်အချိုရည်၊ ကော်ဖီမစ်၊ စည်သွတ်ဘူးများ စသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)