ပေါက်တော ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ် စစ်တွေခရိုင်ပေါက်တောမြို့ အ.ထ.က-ပေါက်တောကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ပဒေသာကပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းရှေ့တွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်မျိုးသန့်က ဝမ်းမြောက်ကြောင်းသြဝါဒစကားပြောကြားခြင်း၊ အ.ထ.က-ပေါက်တော၏ ကျောင်းအုပ်ဆရာမကြီးဒေါ်စံလှဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရအောင်သင်ကြားပြသပေးသော ဆရာ/မများအား ဆုများအသီးသီးချီးမြှင့်ခြင်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွင်း ပညာရည်ချွန်ဆုနှင့်အားကစားထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြသည်။
ဆက်လက်၍ ပဒေသာကပွဲအစီအစဉ်များကိုဆက်လက်ကျင်းပရာ အ.ထ.က-ပေါက်တောကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ်တေးဂီတအကအလှများဖြင့် ကပြ၊ သီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)