သတင်းများ

­​​​​​​​­ဆောင်းရာသီကာလ ကွမ်းခြံများ ကွမ်းအထွက်နှုန်းနည်း၍  ကွမ်းဈေးကွက်၌ ကွမ်းနုဝါတစ်ပိဿာ ငွေကျပ် နှစ်သောင်းကျော်အထိ မြင့်တက်လာ
Jan 17,2023
ဆောင်းရာသီကာလ ကွမ်းခြံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုနည်းပြီး ကွမ်းအထွက်နှုန်း လျော့နည်းခဲ့သဖြင့် ယခုရက်ပိုင်း ကွမ်းဈေးကွက်တွင် ကွမ်းနုဝါတစ်ပိဿာ ငွေကျပ် နှစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံတောင်သူထံမှ သိရသည်။
မြဝတီမြို့ အ.ထ.က-ခွဲ (၃) ၌ ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 17,2023
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အခြေခံပညာအထက်ကျောင်းခွဲ (၃) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားခြင်းအား ကွင်းဆင်း ကြည့်ရှု
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ကဘက်ရဲမြို့တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်ကြည့်ရှုကြသည်။
စုကလိမြို့တွင် မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်း ဟောပြောပွဲပြုလုပ်ပြီး နံရံကပ်ပြဘုတ်ပြသ
Jan 17,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် လူငယ်များကြား လူမျိုးတုံးစေနိုင်မည့် ခြိမ်းခြောက်မှုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် ပြဘုတ်ပြသဆောင်ရွက်ခြင်းအား ယနေ့နံနက်ပိုင်းက စုကလိမြို့ ပြည်သူစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
စုကလိမြို့တွင် အုန်းသီးခြောက်များ စျေးကောင်းရရှိနေ
Jan 17,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် အုန်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး အုန်းသီးအခြောက်များ ဈေးကောင်းရရှိနေကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 17,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးတိုးဝင်းဖေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေတို့က  စုံညီပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အသက်၅ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်အောက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Myancopharm ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတွင ယခုလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၅ နှစ်ပြည့်ပြီးအသက် ၁၂ နှစ်အောက် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Myancopharm ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်တံခါးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 17,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်း(ရင်းတိုက်ကုန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။