သတင်းများ

ပြည်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်တောင်သူများအတွက် သွင်းအားစုပစ္စည်းများပေးအပ်
Jan 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဆည်မြောင်းခန်းမ၌ ယနေ့နံနက် ၈ နာရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအတွက် သွင်းအားစုပစ္စည်းများပေးအပ်ပွဲကျင်းပရာ အခမ်းအနားသို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားသော နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈)ဘီလီယံအား ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်များသို့ လွှဲပြောင်းပေးအပ်
Jan 17,2023
ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားသော နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၈)ဘီလီယံအား ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ခရိုင်မြို့နယ်များသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လပွတ္တာမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်လှစ်
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ယ်၊ ညောင်လိန်ကျေးရွာအုပ်စု သဲဖြူ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၇)စက်မှုလယ်ယာစခန်း၊ လပွတ္တာမြို့မှ လယ်ယာသုံးစက်ကိရိယာမောင်နှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Jan 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာပေဗဟုသုတများနှီးနှောဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆို၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ် ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
ညောင်ရွှေမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 17,2023
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲ တော်ကို ဇန်နဝါရီ(၁၀)ရက် နံနက်(၉)နာရီက ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ပြုလုပ်ဆောင်ရွက်
Jan 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင်းသဘင်နှင့်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆဒုံးမြို့၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 17,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် အနာဂတ်မျိုးဆက်သစ် ကလေးငယ်များ ကျောင်းအားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိပြီး ကလေးငယ်များစာကြည့်တိုက်၌ ပျော်ရွှင်မှုရရှိစေရန်၊ ကလေးငယ်များ၏ ကိုယ်ပိုင် ဉာဏ်စွမ်းအားများဖြင့် အရာရာကို ဖန်တီးပုံဖော်တတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ယနေ့မွန်းလွဲ (၁) နာရီက မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့သည်၊၊