စုကလိမြို့တွင် အုန်းသီးခြောက်များ စျေးကောင်းရရှိနေ

စုကလိ     ဇန်နဝါရီ     ၁၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် အုန်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး အုန်းသီးအခြောက်များ ဈေးကောင်းရရှိနေကြောင်း သိရသည်။

အဆိုပါအုန်းသီးအခြောက်များကို စခန်းသစ်ကျေးရွာနှင့် ထိုင်းနိုင်ငံတို့မှ လာရောက်ဝယ်ယူလျက်ရှိပြီး အုန်းသီးခြောက် တစ်လုံးလျှင် ထိုင်းဘတ်ငွေ ၅ ဘတ်မှ ၇ ဘတ်အထိရရှိကာ အစိုတစ်လုံးလျှင် ထိုင်းဘတ်ငွေ ၇ ဘတ်မှ  ၁၀ ဘတ်အထိ ရရှိသည်။

အုန်းသီးသည် မြန်မာ့ရိုးရာမုန့်များလုပ်ရာတွင် အသုံးများသကဲ့သို့ ရိုးရာဓလေ့ ပူဇော်ပသရာတွင်လည်းကောင်း မပါမဖြစ် အသုံးပြုသော သီးနှံတစ်မျိုးဖြစ်ပြီး ခေါင်းလိမ်းဆီ အဖြစ်အသုံးပြုနိုင်ရုံသာမက အုန်းထမင်းအဖြစ် ချက်စားနိုင်သော အသီးအနှံဖြစ်သည်။

အုန်းသီးခြောက်များကို ယခုနှစ်အတွင်း ဝယ်လိုအားတိုးတက်လာပြီး‌ ဈေးကောင်းလည်း ရရှိနေကြောင်း ယခုနှစ်တွင် ယခင်နှစ်ထက် ဝယ်လိုအားများကြောင်း ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

ပိုပိုအောင်