အသက်၅ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်အောက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Myancopharm ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတွင ယခုလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၅ နှစ်ပြည့်ပြီးအသက် ၁၂ နှစ်အောက် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Myancopharm ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Myancopharm ကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးနောက် ၅ လပြည့်သည့် အသက် ၅ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်အောက် ကျောင်းသားကလေးငယ်များကို ​​ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ကျောင်းသားကျောင်းသူ ၄၇၅ ဦး အားထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကာကွယ်ဆေး Myancopharm ထိုးနှံခြင်းလုပ်ငန်းများကို ယခုလ ၁၆ ရက်နေ့က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူ ၆၅၀ ဦးကိုထိုးနှံခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ လာမည့် ဇန်နဝါရီ ၁၈ ရက်နေ့တွင် အမှတ် (၂၇) အခြေခံပညာမူလတန်းကျောင်း၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ ဆက်)