နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လယ်ဝေးမြို့နယ် အေလာကျေးရွာမှ အသေးစားစက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Jan 17,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု စိုက်ပျိုးရေးအသိပညာပေးရေးစင်တာတွင် ယနေ့နံနက် (၉)နာရီက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် အေလာကျေးရွာအုပ်စုမှ အသေးစားစက်မှုလုပ်ငန်းရှင်များနှင့် အသေးစား အိမ်တွင်းလက်မှု ပညာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နီဦးခဲ၊ တိုင်းအသေးစားစက်မှုလက်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။