Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဟင်္သာတမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေး နေ့စဉ်ကွင်းဆင်း ကောက်ယူလျက်ရှိ
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇန်ဝါရီလ ၉ ရက်နေ့ကစတင်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ ၁၆၇ ဖွဲ့ဖြင့်၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကွင်းဆင်းကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ ပညာရေးနှင့် စာရိတ္တပျိုးထောင်မှု စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလက်ဝမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တွီကင်းဝကျေးရွာ စာသင်ကျောင်းခြံစည်းရိုးကာရံခြင်းနှင့် ဘောင်ကူးကျေးရွာ သစ်သားတံတား ဆောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီးမှုအား ကွင်းဆင်း စစ်ဆေး
Jan 17,2023
ချင်းပြည်နယ်၊ ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်နေပြည်သူများ လူမှုဘဝအကျိုး စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် တွီးကင်းဝကျေးရွာ စာသင်ကျောင်း (၄ ၈၀'×၃ ၈၅'×၆') ခြံစည်းရိုးကာရံခြင်းနှင့် ဘောင်ကူးကျေးရွာ (၆၀'×၆'×၁၀') သစ်သားတံတားဆောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် ရှားတောကျေးရွာတွင် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စ၊ ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျောင်းရှေ့၌ ယာယီမဏ္ဍပ်ဖြင့် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူပြည်သူများ မိမိတို့ရရှိမည့် အခွင့်အရေးများကို သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း(VDP)ဖြင့်ဆောင်ရွက်သည့်ကျေးရွာတွင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု့စစ်ဆေး
Jan 17,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျောင်းရွာကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း(VDP) ဖြင့် ဆောင်ရွက်သည့်ကျေးရွာတွင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားယမန်နေ့ကတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၌ အသက် (၅) နှစ် နှင့် (၁၂) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေး
Jan 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပညာသင်ကြားနေကြသော အခြေခံကျောင်းများမှ အသက်(၅)နှစ်နှင့်(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ (အ ထ က-၁)ကျောင်းတွင် ကျောင်းကျန်းမာရေးအဖွဲများ ကွင်းဆင်းစစ်ဆေး
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျောင်းကျန်းမာရေးအဖွဲ့များက (အ ထ က-၁)ကျောင်းသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14828
Page
14829
Page
14830
Page
14831
Current page
14832
Page
14833
Page
14834
Page
14835
Page
14836
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department