သတင်းများ

မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံ နေကြာမျိုးစေ့ထုတ်‌စံပြစိုက်ခင်းတွင် ပန်းဝတ်မှုံကူးခြင်းဆောင်ရွက်
Jan 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဆီထွက်သီးနှံ စပ်မျိုး(၁)‌ နေကြာမျိုးစေ့ထုတ် စံပြစိုက်ခင်းကို နမ့်မော်ဆွမ့်ကျေးရွာ တောင်သူ ဦးအောင်ဖေ၏ ဥယျာဉ်ခြံအတွင်း၌  စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးသန့်မျိုးပွား မျိုးအဆင့်ရရှိရေး လူအကူအညီဖြင့် ပန်းဝတ်မှုံကူးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါစံပြစိုက်ခင်းနေရာ၌ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၏ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဗန်းမော်ခရိုင် Community Centre ခန်းမ၌ လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Showဆောင်ရွက်
Jan 17,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခန့်က လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ဒေသခံတောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်
Jan 17,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ဒေသခံတောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက မုဒုံမြို့နယ်ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။
မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂ ၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေး  ငွေများပြန်လည်ကောက်ခံ
Jan 17,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (ခွဲ)တွင် ၂၀၂၂ ခုနှစ် မိုးရာသီဘဏ်ချေးငွေများအား ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကောက်ခံလျက်ရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်တွင် "မျောက်ကျောက်ရောဂါအကြောင်း" သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်
Jan 17,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် "မျောက်ကျောက်ရောဂါအကြောင်း" သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။