ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Aug 14,2025
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရခိုင် ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း ယခုကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ(၇)ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ စနစ်(Electoral System)မဲပေးနည်း (Voting System)နှင့် ရွေးကောက်ပွဲ ကျင်းပပုံနည်းလမ်း အသစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်း ပေးခဲ့သည့် အများယုံကြည်လေးစားခြင်း ခံရသော ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများနှင့်အညီ အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြစေလို ကြောင်းပြောကြားသည်။