သတင်းများ

ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Aug 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်​ဆေးဘူးများနှင့် ရေစိုအဝတ်များအသုံးပြု၍ မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ဩဂုတ်လ ၁၃ ရက်နေ့က SLM ကိုယ်ပိုင်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ
Aug 15,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)ရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။
စလင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိုနယ် တောစိမ့်ကျေးရွာအုပ်စု တပ်တွင်းအခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အဆိုပါကျောင်းရှိ ဟောပြောပွဲခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Aug 15,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၁၃ ရက် နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဌာနတွင်းမွမ်းမံသင်တန်းဖွင့်လှစ်
Aug 14,2025
ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများတာဝန်ထမ်းဆောင်ရာ၌ စွမ်ဆောင်ရည်မြင့်မားစေရန်နှင့် ဌာနမှချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ ၊ လုပ်ထုံး လုပ်နည်းများ၊ မူဝါဒ၊ မဟာဗျူဟာများ သိရှိနားလည်စေရန် ရည်ရွယ်၍  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဌာနတွင်းမွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သာစည်မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ညှိနှိုင်း 
Aug 14,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်အောင်ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Aug 14,2025
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရခိုင် ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း ယခုကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ(၇)ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ စနစ်(Electoral System)မဲပေးနည်း   (Voting System)နှင့် ရွေးကောက်ပွဲ ကျင်းပပုံနည်းလမ်း အသစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်း ပေးခဲ့သည့် အများယုံကြည်လေးစားခြင်း ခံရသော ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများနှင့်အညီ အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြစေလို ကြောင်းပြောကြားသည်။
ထားဝယ်မြို့၌ တတိယအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ထူးချွန် ဆုများပေးအပ်ပွဲနှင့် (၃၈)ဖြာမင်္ဂလာစာအုပ်များပေးအပ်လှူဒါန်းပွဲကျင်းပ
Aug 14,2025
တတိယအကြိမ်မြောက်၊ ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုယ်ကျင့်သီလ ဗဟုသုတ ပြိုင်ပွဲ (World Peace Ethics Contest,  Dawei) ထူးချွန် ဆုများပေးအပ်ပွဲနှင့် (၃၈)ဖြာမင်္ဂလာစာအုပ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁  နာရီ က ထားဝယ်မြို့၊ မြို့မယဉ်ငေး သာသနာ့ရိပ်သာ၌ ကျင်းပသည်။