မိုင်းဆတ် ဇွန် ၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric data ကောက်ယူ၍ UID ကတ်များထုတ်ပေးခြင်းကို One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၁)တွင် အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီးသည့် ကျောင်းသား/ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်း ဦးဆောင်သောဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် Biometric data များ ကောက်ယူပြီး UID နံပါတ်ကတ်များဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းလှ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်တို့က လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူ ၄၉ ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)