ပဲခူး ဇွန် ၄
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယမန်နေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) အစည်းအဝေး စတင် ကျင်းပကြောင်းနှင့်တိုင်းဒေသကြီးလွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ၇၆ ဦးတွင် ၇၅ ဦး တက်ရောက်ခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၉၈.၆၈ ရာခိုင်နှုန်း ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၁၅)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြား ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး(တတိယနေ့) အား ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထက်အောင်လင်း(ပြန်/ဆက်)