ရန်ကုန် ဇွန် ၄
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းပြုလုပ်သော "ဘေးကင်းလုံခြုံမှုဆိုင်ရာစီမံခန့်ခွဲရေး ၂၀၂၅ ခုနှစ် လုပ်ငန်းပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲကို ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Rose Garden Hotel တွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ဦးစွာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Country Delegate Ms.Nadia KHOURY နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Movement Cooperation Specialist ဒေါ်အေးသန္တတာထွန်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲရေးတာဝန်ခံ ဦးအောင်နိုင်လွင်က ၂၀၂၅ ခုနှစ်အတွင်း လုပ်ငန်းပြီးမြောက်အောင်မြင်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်အတွင်း ဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲမှုအကောင်းဆုံးဆု၊ ချိတ်ဆက်ညှိနှိုင်းမှုအကောင်းဆုံးဆု၊ အသိပညာပေးမှုနှင့်အစီအစဉ်ရေးဆွဲမှု အကောင်းဆုံး ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ(၂)ရက်နေ့မှ(၃)ရက်နေ့အထိ ပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ ဘေးကင်းလုံခြုံမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ပေးသူ Focal Person ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)