ရန်ကုန် ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိ ရုံးဖွင့်ထားရှိသည့် ဌာနများမှ ဝန်ထမ်းများ၏ သားသမီးများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင် စရိတ်ချီးမြှင့်ငွေနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အလှူရှင်များက လှူဒါန်းသည့် ပညာသင်စရိတ်ချီးမြှင့်ငွေနှင့် ကျောင်းသုံးပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီးတို့က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် KG မှ Grade-5 ထိ၊ Grade-6 မှ Grade-9 ထိ၊ Grade-10 မှ Grade-12 ထိနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ချီးမြှင့်ငွေနှင့် ကျောင်းသုံးဗလာစာအုပ်များကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း ရုံးဖွင့်ထားရှိသည့် ဌာနများမှဝန်ထမ်းများ၏ သားသမီး စုစုပေါင်း (၄၅၄) ဦးရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ချီးမြှင့်ငွေနှင့် ကျောင်းသုံးပစ္စည်းများကို ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)