သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အခြေခံပညာ ဆရာ၊ ဆရာမ များအား မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲသို့တက်ရောက်
Aug 14,2025
ပထမဆုံးအကြိမ်အဖြစ် အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာ မဲပေးနိုင်ရေးနှင့်မဲပေး စက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးအတွက် ကချင်ပြည်နယ်ရွေးကောက်ပွဲ   ကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းများ၊ လက်တွေ့သရုပ်ပြမဲပေးခြင်းများကိုအသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ အခြေခံပညာ ဆရာ၊ ဆရာမများအား မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကွင်း‌ဆင်းဆောင်ရွက်
Aug 14,2025
ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာရှိ ပညာရောင်ခြည် စာကြည့်တိုက်နှင့် ရန်ကင်းစံရာကျေးရွာရှိ ဗြဟ္မစိုရ်အလင်းစာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်
Aug 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၁၂ ရက် နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံး အစည်းအဝေး‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဖောင်းပြင်မြို့တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်
Aug 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိနိုင်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖောင်းပြင်မြို့၊ အမှတ်(၃) အခြေခံ ပညာမူတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က(၃)ရွာတော်၌ အာဟာရရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဟောပြောပွဲ၊ အစာ(၃) အုပ်စု၊ အသုပ်စုံပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနား ပြုလုပ်
Aug 14,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အ.ထ.က(၃)ရွာတော်၌ အာဟာရရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဟောပြောပွဲနှင့် အစာ(၃) အုပ်စု၊ အသုပ်စုံပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲအခမ်းအနား တက်ရောက်
Aug 14,2025
မကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံစုပေါင်းရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မြင့်မြတ်တော်ဝင်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးစက်ရုံ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ GAP နှမ်း ဝယ်ယူမည့် ကုန်သည်လုပ်ငန်းရှင်များနှင့် လေ့လာရန်လာရောက်သည့် နေပြည်တော်ဒေသမှ တောင်သူများ၊ နှမ်းသီးနှံရောင်းချမည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု
Aug 14,2025
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့ရှိ  ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းနေရာများသို့ ယနေ့ နံနက်ပိုင်းက သွားရောက်၍ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။