သတင်းများ

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သိန္နီမြို့၌ (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအခန်းမတွင် ကျင်းပခဲ့သည်
ဘီးလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသ
Feb 07,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်ကျင်းပြသခြင်းကို နံနက်ပိုင်း၌ ဘီးလင်းမြို့နယ် အနိုင်းပွန်ကျေးရွာမူလတန်းလွန်ကျောင်းနှင့် နေ့လယ်ပိုင်း၌ သစ်တိုကျွန်းကျေးရွာ မူလတန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။
ပန်းတောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးမှတ်တမ်းကတ်သုံးစွဲခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု ဆန်းစစ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးမှတ်တမ်းကတ်သုံးစွဲခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု ဆန်းစစ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံက်(၁၀:၀၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်ကျောက်ဖြာအောက်နှင့်သင်္ဘောတောကျေးရွာတွင်မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဆောင်ရွက်
Feb 07,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့်ကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများက၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ပထမအကြိမ် မြစိမ်း ရောင်ရန်ပုံ‌ငွေများ ထုတ်ချေးခြင်းကို ကျောက်ဖြာအောက်ကျေးရွာဘုရားကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌  (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို   မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉နာရီကရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ကျင်းပပြုလုပ်ကြောင်းသိရသည်။
ညောင်ဦးမြို့ တောင်ဘကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာဟောပြောပွဲကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဘကျေးရွာ အခြေခံပညာအ ထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်လျက် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တောင်ဘကျေးရွာ ၊ ဘက်စုံးသုံးခန်းမ၌ လူငယ်ရေးရာဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ခန္တီးမြို့တွင် လူငယ်စာကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Feb 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရေး၊ ညဏ်ပညာ မြှင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေး မြှင့်မားရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင် ဆွေးနွေးနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သင်တန်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။