သတင်းများ

ပခုက္ကူမြို့၊ သီဟိုဠ် ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းဆောင်ရွက်မှု ၈၃ ရာခိုင်နှုန်းပြီးစီး
Jan 12,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ် ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့် ရွေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းများကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေ ဖတ်ကြစို့ အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 12,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တီးတိန်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 12,2026
ချင်းပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ချင်းပြည်နယ် တီးတိန်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဦးတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြီးစီး
Jan 12,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ၂၀၂၆ ခုနှစ်၊ ယမန်နေ့နံနက် ၆ နာရီက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို တိကျမှန်ကန်မြန်ဆန်စေသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ ကျင်းပခဲ့ကြောင်း သိရသည်။
မန်ကန်မြို့၌ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပေးသော ကျောင်းပေါင်းစုံ ကျောင်းသားပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ကျင်းပ
Jan 12,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ကျောင်းပေါင်းစုံ ကျောင်းသားပွဲတော်နှင့် ဂီတဖျော်ဖြေပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
Jan 12,2026
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့အုပ်ချုပ်သူနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
လသာမြို့နယ် ရပ်ကွက်များရှိ မဲရုံများ၌ မဲရုံရုပ်သိမ်းချိန်တွင်မဲများကို စနစ်တကျရေတွက်ရာတွင် ရန်ကုန်မြို့ အခြေစိုက်သံရုံးများမှ တာ၀န်ရှိသူများ လာ‌ရောက်လေ့လာ
Jan 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ကျင်းပသော ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ယမန်နေ့ နံနက် (၆) နာရီမှ ညနေ (၄) နာရီအထိ မဲရုံအသီးသီးတွင် စည်းမျဉ်းများနှင့် စနစ်တကျဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများကလည်း လွတ်လပ်ခိုင်မာစွာ ဆန္ဒမဲပေးခဲ့ကြသည်။
ဘိုကလေးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြီးစီး
Jan 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယမန်နေ့နံနက်(၆)နာရီမှစတင်၍ မြို့နယ်တွင်းရှိ မဲရုံ (၂၆၅) ရုံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပဆောင်ရွက်ရာ လူငယ်၊ မောင်မယ်များအပါအဝင် မဲဆန္ဒရှင်ပြည်သူများက တက်ကြွစွာဖြင့် ဆန္ဒမဲများလာရောက်ပေးခဲ့ပြီး ရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းစွာဖြင့် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။