တနိုင်း ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊တနိုင်းမြို့နယ်တွင် ၂၀၂၆ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်တနိုင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသော တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၁၇) ရက်နေ့မွန်းလွဲ ၂ နာရီခွဲက တနိုင်းမြို့နယ်ပြည်သူ့အား ကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားသမားများမှ သစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုခဲ့ကြပြီး စစ်ကြောင်းပုံစံ ချီတက်အလေးပြုကာ ကွင်းအတွင်းမှ ညီညွတ်စွာပြန်လည်ထွက်ခွာခဲ့ကြသည်။ထို့နောက် ရိုးရာအကအဖွဲ့များမှ အလှည့်ကျ ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးအောင်စိုးမှ ပြိုင်ပွဲအားဘောလုံးကန်၍ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးကောင်ဆိုင်းလ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်ပြည်သူများက ကြည့်ရှု အားပေးခဲ့ကြသည်။ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်အနေဖြင့် ရှမ်းဘောလုံးအသင်းနှင့်ဗမာ ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး ရှမ်းအသင်းမှ ဗမာအသင်းအား(၅)ဂိုး ဂိုးမရှိဖြင့်အနိုင်ရ ခဲ့ကြောင်းသိရသည်။
တနိုင်း(ပြန်/ဆက်)