မြစ်သား ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့စမ်းသပ်စစ်ဆေးခြင်းကို ဇူလိုင် ၂၁ ရက် နံနက် ၇ နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၀၅ ဦးအား သွေးတိုး၊ ဆီးချိုစသည့် အခြေခံကျန်းမာရေးရောဂါဆိုင်ရာများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း၊ ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းဖြင့်စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)