ခန္တီးမြို့နယ် အောင်သာယာရွာတွင် ချင်းတွင်းမြစ်ရေလျှံထွက်

ခန္တီး     ဩဂုတ်         ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ခန္တီး- ဆင်သေ ချင်းတွင်းတံတားအနီးရှိ အောင်သာယာရွာတွင် ချင်းတွင်းမြစ်ရေ ယမန့်နေ့ ညနေ ၃ နာရီချိန်ခန့်က အောင်သာယာ ရွာမြီးပိုင်းမြေနိမ့်နေရာဘက် တွင် ချင်းတွင်းမြစ်ရေ လျှံထွက်လာကြောင်း သိရသည်။

“မြေနိမ့်ပိုင်း လူနေအိမ်ခြောက်အိမ်တော ့ရေတွေဝင်နေပြီ တစ်ခြားနေရာပြောင်းရွေ့ နေထိုင်ခြင်း တော့ မရှိသေးဘူး။ ခုတော့နီးစပ်ရာနေအိမ်များတွင် ပြောင်းရွေ့နေကြတယ်။ ကျွဲ၊ နွားနှင့်ဝက်များကို ကုန်းမြင့်ပိုင်း ပြောင်းရွေ့ထားကြောင်း”ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

စနေမောင်မောင်(ခန္တီး)