ရှင်ဗွေယန် သြဂုတ် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၄)ဦး ရွေးချယ်ခြင်းကို ယနေ့နံနက်(၁၁)နာရီတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ မြို့စည်ပင်သာယာရေးကော်မတီဖွဲ့စည်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးဇော်အောင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမောင်မောင်က လက်ရှိကော်မတီ သက်တမ်း(၃) နှစ်ပြည့်ပြီးဖြစ်ပါသောကြောင့် ကော်မတီအသစ်ရွေးချယ်ရခြင်း ဖြစ်ပါကြောင်း၊ ရွေးချယ်ခြင်း ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျွမ်းကျင်ပညာရှင်များ၊ လူမှုရေး(သို့မဟုတ်) စီးပွားရေးအဖွဲ့ အစည်းများ၊ မြို့မိမြို့ဖတို့က ရွေးချယ်ထောက်ခံတင်ပြထားသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၄)ဦးကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်းနှင့် စည်ပင်သာယာရေး ကော်မတီရွေးချယ်ခြင်း လုပ်ငန်းဆောင်ရွက်ရာသို့ ဒေသခံရပ်မိ/ရပ်ဖများ စုစုပေါင်း (၂၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လင်းသွယ်ဦး(မြို့ ပြန်/ဆက်)