ဆွမ်ပရာဘွမ် ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာရေးဆရာချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီခွဲက ဆွမ်ပရာဘွမ်မြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးက စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရှိစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ စာပေချစ်မြတ်နိုး သူများအသင်းဥက္ကဋ္ဌ ဒေါ်နီနီထွန်းက စာဖတ်ဝိုင်း တိုးတက်အောင်မြင်ရေး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် စာရေးဆရာ ချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာ တက်ရောက်လာကြသူများက စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေ ဝါသနာရှင် စာဖတ်ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကုဋေ (ပြန်/ဆက်)