မယ်စဲ့မြို့နယ်တွင် လွတ်လပ်မျှတသောရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့(MYNFREL) မှ လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း သင်တန်းဖွင့်လှစ်

မယ်စဲ့  ဩဂုတ် ၂၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူငယ်များအနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပိုမိုပါဝင်လာစေရန် ရည်ရွယ်ပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့ (MYNFREL)မှ လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း သင်တန်းကို ယနေ့ နံနက် နာရီက ဝမ်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

သင်တန်းနည်းပြ ပရိုဂရမ်မန်နေဂျာ ဦးမင်းသုနောင်က လူငယ်များအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်၌ ပိုမိုပါဝင်လာစေရန် ရည်ရွယ်ပြီး သင်တန်းပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် လူငယ်များ၏ အသံ၊ ဒီမိုကရေစီ၏ အခြေခံအင်္ဂါရပ်များ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ခေါင်းဆောင်မှု မိတ်ဆက်ခြင်း၊ ရွေးကောက်ခံကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲမိတ်ဆက်ခြင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းနှင့် သရုပ်ပြတင်ဆက်ခြင်း၊ လူငယ်နှင့် လူမှုအသိုက်အဝန်း အခန်းကဏ္ဍ စသည့်ခေါင်းစဉ်များ ဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် မယ်စဲ့မြို့နယ်အတွင်းမှ စိတ်ပါဝင်စားသော လူငယ် ၂၁ ဦး တက်ရောက်ကြပြီး သင်တန်းကို ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)