မိုးမောက် သြဂုတ် ၂၅
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းရုံးချုပ်နှင့် ကချင်ပြည်နယ် ကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီခွဲအချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီ အသင်းခွဲဆိုင်ရာ စွမ်းဆောင်ရည်ဆန်းစစ်အကဲဖြတ်ခြင်း (BOGA) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးခင်မောင်ဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသူလင်းက အမှာစကား ဆက်လက် ပြောကြားရာ မြန်မာနိုင်ငံမှာ စွမ်းဆောင်ရည်ဆန်းစစ်ချက် အကဲဖြတ်လုပ်ငန်းကို (၁၇၃)မြို့နယ် ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ် တွင်(၁၁)မြို့နယ် ဆောင်ရွက်ပြီးဖြစ်ကြောင်း ယခုနှစ် တွင် ကချင်ပြည်နယ်၌ မြစ်ကြီးနား၊ မိုးမောက် နှစ်မြို့နယ်၏ အားနည်းချက်/အားသာချက်များကို (၂)ရက်သာကာလအတွင်း ဆန်းစစ်မည် ဖြစ်ကြောင်း အားနည်းချက်/အားသာချက် အပေါ်မူတည်၍ လုပ်ငန်း Plan ရေးဆွဲရမည်ဖြစ် ကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ဒု−မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက်၊ မြို့နယ်ဒု−ပညာရေးမှူး ဦးဘရန်နူး၊ မြို့နယ်လက်ထောက်ဆရာဝန် ၊ မြို့နယ် ပြန်/ဆက်ဦးစီး ဒေါ်လွန်းနန်းထွေးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။
လွန်းနန်းထွေး