ဩဂုတ်လလယ်ပိုင်းတွင် စတင်ခဲ့သည့် ကိုဗစ်-၁၉ ဒုတိယအကျော့ ဝင်ရောက်မှုက ရိုက်ခတ်မှုပြင်းထန်လှသည်။ ရောဂါပိုးကူးစက်ပျံ့နှံ့မှုက မြန်ဆန်လှသလို ဓာတ်ခွဲ အတည်ပြုလူနာ အရေအတွက်နှင့် ရောဂါကြောင့် သေဆုံးမှုအရေအတွက်တို့က တစ်လခန့် အချိန်ကာလ အတွင်းမှာပင် ရုတ်တရက် မြင့်တက်သွားခဲ့သည်။ နိုင်ငံတွင် လူဦးရေ အထူထပ်ဆုံး ဒေသဖြစ်ပြီး စီးပွားရေးအချက်အချာလည်းဖြစ်သည့် ရန်ကုန်သည် ကိုဗစ်-၁၉ နှင့် အဓိကရင်ဆိုင်ရသည့် ဗဟိုချက်မသဖွယ်လည်း ဖြစ်လာသည်။ ကယားပြည်နယ်မှလွဲ၍ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက ပိုးတွေ့လူနာ အရေအတွက်တိုးလာသည်။
ဗြဟ္မစိုရ်တရားနှင့် ယှဉ်သော စည်းလုံးညီညွတ်ကြသော ပြည်သူ့အင်အားဖြင့်
စစ်တွေမြို့မှ စတင်ကာ တစ်ကျော့ပြန် ကူးစက်ပြန့်ပွားလာနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုသည် စိုးရိမ်ပူပန်စရာ ဖြစ်လာသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးကို ပြည်သူတို့လိုချင်သည်
မည်သို့သော အကြောင်းချင်းရာကြောင့်ဖြစ်စေ စစ်ပွဲများဆိုသည်က လူ့အသက်တို့နှင့် ရင်းရ၏။ ဘက်နှစ်ဖက်၊ သုံးဖက် သို့မဟုတ် မည်မျှများပြားသော ဘက်ပေါင်းတို့ စစ်မျက်နှာများဖွင့်ကြ၊ တိုက်ကြ သည်ဖြစ်စေ ဘက်အားလုံးတွင် ထိခိုက်နစ်နာမှု အနည်းအများဖြင့် ရှိကြသည်သာ။ တိုက်ခိုက်မှုများကြားက မည်သူ အနိုင်ရသည်ဖြစ်စေ နစ်နာထိခိုက်မှုများက အားလုံးတွင် ဖြစ်ခဲ့ပြီးပြီ။ ထို့ကြောင့်ပင် မြန်မာပြည်သူတို့က ငြိမ်းချမ်းရေးကို လိုလားသည့် အကြောင်း အခါအခွင့်သင့်တိုင်း ဖော်ထုတ်နေကြခြင်း ဖြစ်ပေသည်။
ရန်လိုမှုတို့ ချုပ်ငြိမ်းသည့်ကမ္ဘာမြေဆီ
ယနေ့သည် ကမ္ဘာပေါ်တွင် ပထမဆုံး အဏုမြူဗုံးကြဲ တိုက်ခိုက်ခံခဲ့ရမှု (၇၅) နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးလုကာလ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို လည်းကောင်း၊ နောက်သုံးရက်အကြာ ဩဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီမြို့ကို လည်းကောင်း အမေရိကန်လေတပ်က အဏုမြူဗုံးတစ်လုံးစီ ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း နှစ်သိန်းကျော် ချက်ချင်းသေဆုံးခဲ့ပြီး မြို့များမှာလည်း ပြာပုံဘဝရောက်ခဲ့ရသည်။ နောက်ဆက်တွဲ သေဆုံးမှုများမှာလည်း နောက်ထပ်နှစ်နှင့်ချီ၍ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။
စားသုံးသူတိုင်း အခွင့်အရေးရှိ
လူတိုင်းလူတိုင်း စားသုံးသူများဖြစ်ကြသည်။ လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ မိမိတို့စားသောက်မှု၊ ဝတ်ဆင်မှု၊ နေထိုင်မှု၊ ရှင်သန်မှု၊ ပျော်ရွှင်မှု စသည်စသည်တို့အတွက် လိုအပ်သမျှသော ကုန်ပစ္စည်း များနှင့် ဝန်ဆောင်မှုများတို့ကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်သည် မဟုတ်ရာ ဈေးကွက်တင်ရောင်းချနေသည့် ကုန်စည်များကို ဝယ်ယူစားသောက်သုံး နေကြရသလို မိမိတို့အတွက် လိုအပ်သည့် ဝန်ဆောင်မှု အမျိုးမျိုးတို့ကို လည်းအခကြေးငွေပေး၍ ရယူကြရသည်။ ယင်းသို့ အခကြေးငွေပေးကာ ဝယ်ယူကြရသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများ အတွက်လည်း စားသုံးသူအခွင့်အရေး အပြည့်အဝခံစားခွင့်ရှိရမည် ဖြစ်သည်။